ဒေးဒရဲ ဖေဖော်ဝါရီ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် အဋ္ဌမတန်းနှင့် စတုတ္ထတန်း နှစ်ဆုံးစာမေးပွဲကို ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၆၉၂၄ဦး ယမန်နေ့ နံနက် ၉ နာရီမှ စတင်၍ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်တွင် အဋ္ဌမတန်း စာစစ်ဌာန (၈၄)ခု၌ ဖြေဆိုရန် စာရင်းပေးထားသူ (၂၆၅၉)ဦးရှိပြီး (၂၅၉၂)ဦးဖြေဆိုကာ (၆၇)ဦးပျက်ကွက်ခဲ့ပြီး စတုတ္တတန်း စာစစ်ဌာန (၂၁၇)ခု၌ ဖြေဆိုရန် စာရင်းပေးထားသူ (၄၄၀၅)ဦးရှိပြီး (၄၃၃၂)ဦး ဖြေဆိုကာ (၇၃)ဦး ဖြေဆိုရန် ပျက်ကွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာမေးပွဲတွင် အဋ္ဌမတန်း ကျောင်းသား၊ ကျောင်းသူများက ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှ မတ်လ ၃ ရက်နေ့အထိ ဖြေဆိုမည်ဖြစ်ပြီး စတုတ္တတန်း ကျောင်းသား၊ ကျောင်းသူများက ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဖြေဆိုသွားမည်ဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)