ညောင်ဦး မတ် ၁၂
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြင်းခြံ-ပခုက္ကူကားလမ်းမကြီးဘေး၊ အနောက်ပုလင်းကျေးရွာအနီး ဧရာဝတီ မြစ်ကမ်းဘေးတွင် ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်း သာယာဆင်စခန်း၌ မြန်မာပြည်အရပ်ရပ်မှ ဆင်ချစ်သူများက Online မှတဆင့် ဆက်သွယ်၍ ဆင်စာဘူဖေးကျွေးမှုများ များပြားလာလျှက်ရှိရာ ဆင်စာဘူဖေးကျွေးမှု (၇၉၀) ကြိမ်ရှိလာပြီဖြစ်ကြောင်း ပလင်းကမ်းသာယာဆင်စခန်း တာဝန်ရှိသူများထံက သိရသည်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်းက ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်းအား ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာလအတွင်း မြန်မာပြည် အရပ်ရပ်ရှိ ဆင်ချစ်သူများက Online မှတဆင့် ဆင်စာဘူဖေး ကျွေးမွေးလှူဒါန်းလျက်ရှိရာ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာလအတွင်း ဆင်စာဘူဖေးကျွေးသူ များပြားလာကာ (၇၉၀)ကြိမ်ထိ ဆင်စာဘူဖေးကျွးမှု များပြားလာပြီး နောက်ထပ်ကျွေးမွေးဖို့ Online မှလည်း ကြိုတင်ချိတ်ဆက်မှုများလည်း ရှိနေသေးကြောင်း ဆင်စခန်းတာဝန်ရှိ သူများထံက သိရသည်။
မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဆင်စခန်း(၂၂)ခုထိ ဖွင့်လှစ်ထားရှိထားပြီး ဆင်စာဘူဖေး ကျွေးမွေးလှူဒါန်းလိုပါက ဆင်စခန်းအမည်များနှင့် Page များတွင် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း၊ ဆင်စာအဖြစ် ကြံ၊ နေပီယာမြက်၊ငှက်ပျောသီး၊ ဖရုံသီး၊ ဖရဲ သီး၊ သခွားသီး၊သရက်သီး၊ အုန်းသီး၊ ပြောင်းဖူးများကို အဓိကကျွေးကြကာ ရာသီပေါ် သီနှံများအား ကျွေးမွေးကြပြီး ဆင်စာဘူဖေး တစ်ခါကျွေးလျှင် ငါးသောင်းကျပ်မှ တစ်သိန်းကျပ်ထိ လှူဒါန်းနိုင်ပြီး တနေ့စာ ဆင်ခြောက်ကောင်အတွက် တစ်သိန်းကျပ် လှူဒါန်းနိုင်ကြောင်း သိရ သည်။
ပလင်းကမ်းသာယာဆင်စခန်းဆင်စခန်းသို့ မလာရောက်နိုင်ပါက ဆင်စခန်း Page များမှ တဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ပလင်းကမ်းသာယာ ဆင်းစခန်းတာဝန်ခံ လက် ထောက်မန်နေဂျာဖုံး (၀၉-၇၉၃၈၂၀၅၃၂) သို့ ဆက်သွယ်လှူဒါန်းနိုင်ကြာင်း ဆင်စာဘူဖေးကျွးမှု (၇၉၀)ကြိမ် ရှိခဲ့ပြီဖြစ်ကြောင်း မြို့ပြအခြေပြုခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှုအတွက် ဖွင့်လှစ်သည့် ဆင်စခန်းများ ဆင်စာခက်ခဲလျက်ရှိကာ တောတောင်ရေမြေသဘာဝ အခြေခံဖွင့်လှစ်ထားသည့် ဆင်စခန်းများရှိ ဆင်များအတွက် အစာရေစာ မခက်ခဲကြောင်းလည်း ပလင်းကမ်းသာယာဆင်စခန်း တာဝန်ရှိသူများထံက သိရသည်။
ဒီပါလင်း