သာပေါင်း မတ် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ မတ်လ ၁၂ ရက်နေ့၊နံနက် ၈ နာရီအချိန်က နွေရာသီအခြေခံပန်းချီ (အခမဲ့) သင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
နွေရာသီ အခြေခံပန်းချီ (အခမဲ့) သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမင်းဧရာထိုက်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ဝင်းက နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူကလေးများ အသိဉာဏ်ပညာဗဟုသုတ ဖွံ့ဖြိုးတိုးတတ်လာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အစုအဖွဲ့ဖြင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်နှင့် ပန်းချီအခြေခံရေးဆွဲနည်းအဆင့်ဆင့်ကို သိရှိနားလည်တတ်မြောက်စေရန် ရည်ရွယ်ချက်များဖြင့် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် သင်တန်းနည်းပြဆရာ ဦးစိုးမင်းကတတ်ရောက်လာကြသော သင်တန်းသား၊ သင်တန်းသူ (၅၀) ဦးတို့အား အခြေခံပန်းချီရေးဆွဲနည်း၊ မျဉ်းကြောင်းများအကြောင်း၊ ဝတ္ထုမူပုံရေးဆွဲနည်း၊ အခြေခံ လူပုံရေးဆွဲနည်း၊ လူမျက်နှာရေးဆွဲနည်းများနှင့် ရှုမျှော်ခင်းပုံရေးဆွဲနည်းတို့ကို မတ်လ ၁၂ ရက်နေ့မှ မတ်လ ၁၈ ရက်နေ့အထိ နေ့စဉ်နံနက် ၈ နာရီမှ ၁၀ နာရီ၊ ညနေ ၂ နာရီမှ ၄ နာရီအထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးစတင်၍ အခြေခံပန်းချီရေးဆွဲနည်းများ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
မျိုးဇော်သိန်း
သာပေါင်း (ပြန်/ဆက်)