မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ

မိုင်းစံ မတ် ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏ "လောကဇာတ်ခုံပေါ်မှာ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က စာပေချစ်မြတ်နိုးသူများဖြင့် ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာထွေးက စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ အသိပညာဗဟုသုတများတိုးပွားစေရန်နှင့် တစ်ဦးနှင့်တစ်ဦး အသိပညာများဖလှယ်တက်စေရန်နှင့် အချင်းချင်းရင်းနှီးချစ်ကြည်စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် မြို့ဦးစီးမှူး ဒေါ်ဥမ္မာထွေးက "ရေဆန်ကိုလည်းလှော်ရမှာပဲ" ခေါင်းစဉ်ဖြင့်  ဦးဆောင်ဆွေးနွေးပြီး (Book Club)အဖွဲ့ဝင် ဦးချစ်စမ်းမောင်က "စိတ်ကူးနဲ့လက်တွေ့" ခေါင်းစဉ်ဖြင့်လည်ကောင်း၊ စာပေချစ်မြတ်နိုးသူ ဦးထန်းလင်းက "လောကဇာတ်ခုံပေါ်မှာ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မရွှန်းလဲ့အိမ်သာက "စာဖတ်ပါ" ခေါင်းစဉ်ဖြင့်လည်ကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသူများက အသိပညာဗဟုသုတများကို အပြန်အလှန် မျှဝေခဲ့ကြကြောင်း သိရသည်။

မိုင်းစံ(ပြန်/ဆက်)