မြို့လှတွင် အသက် ၆၀ နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူများ ကြိုတင်ဆန္ဒမဲပေး

မြို့လှ  နိုဝင်ဘာ

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ရက်တွင် ကျင်းပမည့် အထွေထွေရေွးကောက်ပွဲအတွက် အသက် ၆၀ နှစ်နှင့် အထက် အသက်အရွယ်ကြီးရင့်သူများ ကြိုတင်ဆန္ဒမဲပေးခြင်းကို မြို့လှမြို့အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် အောက်တိုဘာ ၂၉ ရက် နံနက်ပိုင်းက စတင်၍ ဆောင်ရွက်ခဲ့ကြသည်။

၂၀၂၀ ပြည့်နှစ်  အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ရက်တွင် ကျင်းပမည်ဖြစ်ပြီး မဲပေးခြင်း လုပ်ငန်းစဉ်များကို ကိုဗစ်၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များ နှင့်အညီဖြစ်စေရေး စီစဉ်ဆောင်ရွက်လျက်ရှိပြီး မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူများ၊ အသက် ၆၀ နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူ မဲဆန္ဒရှင်ပြည်သူများ မဲပေးပိုင်ခွင့် မဆုံးရှုံးစေရန် ကြိုတင်ဆန္ဒမဲပေးခြင်းကို သတ်မှတ်နေရာများအလိုက် ကြိုတင်ဆန္ဒမဲပေးနိုင်ရေးနှင့် နေအိမ်များတွင် ကြိုတင်မဲပေးနိုင်ရေး စီစဉ်ဆောင်ရွက် ပေးလျက်ရှိပြီး အသက် ၆၀ နှစ်နှင့်အထက် အသက်အရွယ် ကြီးရင့်သူများ ကြိုတင်ဆန္ဒမဲ ပေးခြင်းကို အောက်တိုဘာလ ၂၉  ရက်နေ့မှစ၍ နိုဝင်ဘာလ ရက်နေ့အထိ ကြိုတင်မဲပေးနိုင်ရန် စီစဉ် ဆောင်ရွက်ထားကြောင်း သိရသည်။

ထို့ပြင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကြိုတင်ဆန္ဒမဲ ပေးကြမည့် မဲဆန္ဒရှင်များအနေဖြင့် ကိုဗစ်၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လမ်းညွှန်ချက်များ နှင့်အညီ ဖြစ်စေရေးအတွက် ဆန္ဒမဲပေးရာတွင် ပါးစပ်၊ နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်လာရန်၊ Social Distancing နှင့်အညီ စနစ်တကျ လိုက်နာဆောင်ရွက်ရန်အတွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်က ဆန္ဒမဲကောက်ယူသည့် နေရာအလိုက် စီစဉ်ဆောင်ရွက်ထားကြောင်း၊ မြို့လှမြို့အတွင်း မဲပေးပိုင်ခွင့်ရှိသူဦးရေ (၁၁၇၂)ဦးအနက် ကြိုတင်မဲပေးပိုင်ခွင့်ရှိသူ (၁၁၂)ဦးရှိပြီး ၇၅% ခန့် မဲပေးပြီးကြောင်း ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများထံမှ သိရသည်။

ကျော်မင်းနိုင်(ပြန်/ဆက်၊မြို့လှ)