ချီဖွေမြို့နယ်တွင် မဲရုံများ မီးဘေးလုံခြုံရေးစစ်ဆေး

ချီဖွေ   နိုဝင်ဘာလ

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူများ မီးဘေးအန္တရာယ် ကင်းရှင်းစွာ ဆန္ဒမဲပေးနိုင်ရန်နှင့် မဲရုံများ မီးဘေးအန္တရာယ် ကင်းဝေးစေရန်အတွက် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့ပေါ်ရှိ မဲရုံများအား မီဘေးလုံခြုံရေးစစ်ဆေးခြင်းကို ယနေ့ နံနက် (၉) နာရီတွင် စစ်ဆေး ဆောင်ရွက်ခဲ့သည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ချီဖွေမြို့နယ် မီးသတ်တပ်ဖွဲ့ဦးစီးမှူး ဦးအောင်ဖြိုးဝေ ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဝင်းစိုးစံ၊ မြို့နယ်လျှပ်စစ် ဦးစီးမှူး ဦးထွန်းထွန်းနိုင်နှင့် ဝန်ထမ်းတို့က အဆိုပါ မဲရုံနှင့် မဲရုံ ပတ်ဝန်းကျင်ရှိ အဆောက်အအုံများ၊ မဲရုံအတွင်း မီးဘေးအန္တရာယ်ကာကွယ်ရန် မီးသတ်ဆေးဘူး ထားရှိမှုအခြေအနေများ၊ အရေးပေါ်အခြေအနေ ရေ ရရှိစေရေး စသည့်တို့ကို စစ်ဆေးဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

နန်းမြင့်(ပြန်/ဆက်)