တွန်းဇံ နိုဝင်ဘာ ၄
ချင်းပြည်နယ်၊ တွန်းဇံမြို့တွင် ယနေ့ နံနက်(၁၀)နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ အစည်းအဝေး ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်ရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဝင်းက ဆန္ဒမဲလက်မှတ်များနှင့် မဲရုံသုံးပစ္စည်းများ သယ်ယူနေစဉ်ကာ လအတွင်း လုံခြုံရေးဆိုင်ရာလုပ်ငန်းများ၊ ရွေးကောက်ပွဲကျင်းပနေစဉ်ကာအတွင်း လုံခြုံရေးဆိုင်ရာ လုပ်ငန်းများနှင့် ဆန္ဒမဲလက်မှတ်များ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ သယ်ဆောင်လာစဉ် ကာအတွင်း လုံခြံရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်ရမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆလိုင်းထောင်က တွန်းဇံမြို့နယ်အတွင်း လမ်းပန်းဆက်သွယ်မှု အခြေအနေ၊ ဆန္ဒမဲလက်မှတ်များ သယ်ဆောင်လာစဉ် ကြုံတွေ့နိုင်သည့် အခြေအနေနှင့် ဆက်သွယ်မှုအခြေအနေကို ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။
ဝေဖြိုး(ဇလပ်မြေ)