မအူပင်ခရိုင် Community Centre ခန်းမတွင်ကလေးသူငယ်အခွင့်‌အရေးဆိုင်ရာဆွေးနွေးပွဲ ကျင်းပပြုလုပ်

မအူပင် မတ်လ ၁၄

မအူပင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ဦးစွာလူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ခင်ထွန်းက ကလေးသူငယ်အခွင့်အရေး (၄) ရပ်၊ ကလေးသူငယ်ပြစ်မှုဖြင့် အရေးယူခြင်းနှင့်ကင်းလွှတ်ခွင့်များ၊ ပညာရေးဆိုင်ရာအခွင့်အရေးများအားဆွေးနွေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးက ကလေးသူငယ်များတွင် အများဆုံးတွေ့ကြုံနေရသည့် အရေးယူအပြစ်ပေးမှုများနှင့် အသိပညာပေးဆောင်ရွက်နေမှုများအား ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများမှ သိလိုသည်များကိုမေးမြန်းခဲ့ရာ တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ တက်ရောက်လာသူများအားခရိုင်ပြန်/ဆက်ဦးစီးဌာနမှ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ နံရံကပ်စာစောင်များ၊ မူးယစ်ဆေးဝါးနှင့်လူကုန်ကူးမှုဆိုင်ရာ နံရံကပ်စာစောင်များအား အသိပညာပေးပြသခဲ့ကြကြောင်း သိရပါသည်။

ခင်သန္တာထွေး

ခရိုင် (ပြန်/ဆက်)