တွန်းဇံမြို့၌ မဲရုံများပြင်ဆင်ဆောင်ရွက်မှုအခြေအနေ ကွင်းဆင်းကြည့်ရှုစစ်ဆေး

တွန်းဇံ        နိုဝင်ဘာ       ၄

ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ယနေ့ နံနက်(၁၁)နာရီအချိန်တွင် တွန်းဇံမြို့ပေါ်ရှိ ရပ်ကွက်များတွင် မဲရုံများပြင်ဆင်ဆောင်ရွက်မှုအခြေအနေ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဖလမ်းခရိုင်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဝင်သည် တွန်းဇံမြို့၊ ခေါဝုန်/လေးဆန်ရပ်ရှိ မဲရုံအမှတ်(၁) ချင်းရွှေပြည်အားကစားခန်းမတွင် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ခေါဝုန်/လေးဆန်ရပ်ရှိ မဲရုံအမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ပြင်ဆင်ဆောင်ရွက် ထားရှိမှုအခြေအနေနှင့် ခေါလိုင်/ဂိုးဇန်ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်းတွင် မဲရုံပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။ ဖလမ်းခရိုင်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဝင်သည် တွန်းဇံမြို့ရပ်ကွက်ရှိ မဲရုံဆောင်ရွက်မှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ဝေဖြိုး(ဇလပ်မြေ)