တပ်ကုန်း မတ် ၁၆
ပြည်ထောင်စုနယ်မြ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက် ကျောင်းသား၊ ကျောင်းသူများ တရုတ်စကားပြောအခြေခံများရရှိစေရန်၊ သင်တန်းမစမီအချိန်အတွင်း စာအုပ်စာပေများ ဖတ်ရှုလေ့လာပြီး စာပေဗဟုသုတများရရှိစေရန် ရည်ရွယ်ချက်များဖြင့် အခြေခံတရုတ်စကားပြောသင်တန်း(အခမဲ့)ကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ဖွင့်လှစ်၍ စတင်သင်ကြားခဲ့သည်။
သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များ ရှင်းလင်းပြောကြားရာတွင် ကျောင်းသားလူငယ်များ နွေရာသီကျောင်းပိတ်ရက်များကို တန်ဖိုးရှိစွာ ဖြတ်သန်းစေလိုရန်၊ အားလပ်ချိန်များတွင် အသိပညာ၊ အတတ်ပညာများ ဆည်းပူးလေ့ကျင့်တတ်စေရန် မိမိတို့ဌာနအနေဖြင့် နွေရာသီကျောင်းပိတ်ရက်များတွင် အခြေခံပညာသင်တန်းများကို အခမဲ့ဖွင့်လှစ်ပေးနေခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အခြေခံတရုတ်စကားပြောသင်တန်းတွင် ရပ်ကွက်၊ ကျေးရွာများမှ သင်တန်းသား၊ သင်တန်းသူ ၅၀ ဦး တက်ရောက်ခဲ့ပြီး၊ မတ်လ ၁၆ ရက်မှ မေလ ၂၆ ရက်နေ့ထိ စနေနှင့် တနင်္ဂနွေနေ့တိုင်း သင်ကြားပေးသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
တင်စိုးလွင်