အိမ်မဲ နိုဝင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် ကိုဗစ်-၁၉ ယာယီဆေးရုံကြီး၌ အောက်တိုဘာလ ၂၄ ရက်နေ့တွင် ပိုးတွေ့ရှိ၍ တက်ရောက်ကုသနေသော လူနာမှာ ရောဂါလက္ခဏာများသက်သာပျောက်ကင်း၍ ယနေ့တွင် ဆေးရုံမှဆင်းခွင့်ရရှိကြောင်းသိရသည်။
"ဆေးရုံဆင်းခွင့်ရရှိတဲ့လူနာဟာ အသက်(၃၁)နှစ်အရွယ် ယာဥ်မောင်းလုပ်ကိုင်နေတဲ့ အမျိုးသားဖြစ်ပြီး အိမ်မဲမြို့နယ် ညောင်ငူကျေးရွာမှာ နေထိုင်တဲ့သူဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ကနေ အောက်တိုဘာလ (၂၃) ရက်နေ့ကပြန်ရောက်ခဲ့ပြီး အ-ထ-က(တကော)မှာ အသွားအလာကန့်သတ်ထားသူဖြစ်ပါတယ်။ နောက်နေ့မှာအနံံ့မရတော့တဲ့အတွက် အိမ်မဲဆေးရုံကို ပို့ဆောင်ကာဓာတ်ခွဲနမူနာများ ရယူစစ်ဆေးခဲ့ရာ ပိုးတွေ့ရှိတဲ့အတွက် ကိုဗစ်-၁၉ ယာယီဆေးရုံမှာ တက်ရောက်ကုသစေတာပါ။ ယခုသူမှာရောဂါလက္ခဏာ သက်သာပျောက်ကင်းတဲ့အတွက် ဆေးရုံဆင့်ခွင့်ရရှိတာပါ။ အိမ်မှာဆက်ပြီး Home Quarantine (၇)ရက် စောင့်ကြည့်သွားမှာပါလို့" မြို့နယ်ကျန်းမာရေးဦးစီးဌာနကတာဝန်ရှိသူတစ်ဦးကပြောသည်။
အိမ်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ စပြီးကူးစက်ချိန်မှ ယနေ့အထိပိုးတွေ့လူနာ ၁၉ ဦးရှိပြီး ကိုဗစ်-၁၉ ယာယီဆေးရုံတွင် နောက်ဆုံးလက်ကျန်လူနာမှာ ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံမှဆင်းသွားပြီ ဖြစ်သောကြောင့် ကိုဗစ်-၁၉ ယာယီဆေးရုံတွင် လူနာမရှိတော့ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှသိရသည်။
ချစ်သက်လယ်(ပြန်/ဆက်)