ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာစီစာကုံးပြိုင်ပွဲကျင်းပ

ပြင်ဦးလွင် မတ် ၁၄

ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် နွေရာသီ ကျောင်းပိတ်ရက် ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ စာပေ/ကဗျာရေးသားနည်း သင်တန်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီက သင်တန်းစမ်းစစ်ချက်အနေဖြင့် စာစီစာကုံးပြိုင်ပွဲကျင်းပခဲ့ကြောင်းသိရှိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က စာစီစာကုံးပြိုင်ပွဲနှင့်ပတ်သတ်သည့် ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် စာစီစာကုံးပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ပြင်ဦးလွင်မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်းကျောင်းများမှ ကျောင်းသား/ ကျောင်းသူ (၂၅)ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ စာစီစာကုံးပြိုင်ပွဲတွင်ထူးချွန်ဆုရရှိသူများကို တာဝန်ရှိသူများက စိစစ်ရွေးချယ်ကာ ပြင်ဦးလွင်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

သွေးသွေးခရိုင်(ပြန်/ဆက်)