ရမည်းသင်း မတ် ၁၄
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနက ဦးစီးသည့် ရာသီဥတုပြောင်းလဲခြင်းအကြောင်း အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ပြုလုပ်သည်။
ဟောပြောပွဲတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်အောင်ကြွယ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယလက်ထောက်ဦးစီးမှူး ဒေါ်အေးမွန်အောင်က ရာသီဥတု ဖြစ်ပေါ်ပြောင်းလဲမှုဖြစ်စဉ်တွင် သစ်တောသစ်ပင်များ၏ အရေးပါပုံများ၊ ရာသီဥတုပြောင်းလဲခြင်းနှင့် ပတ်သက်၍ သစ်တောသစ်ပင်များကို ထိန်းသိမ်းသင့်ပုံများ၊ ရာသီဥတုပြောင်းလဲခြင်း၏ အကျိုးသက်ရောက်မှုများ၊ ရာသီဥတုပြောင်းလဲမှုကို လျှော့ချရန်နည်းလမ်းများကို အသိပညာပေးဟောပြောခဲ့ရာ ဟောပြောပွဲတက်ရောက်လာကြသူများက သိလိုသည်များ ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ရာသီဥတုပြောင်းလဲခြင်းအကြောင်း လက်ကမ်းစာစောင်များဖြန့်ဝေခဲ့သည်။ ထို့နောက် ရမည်းသင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များနှင့်သုတ၊ ရသစာအုပ် စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာကြည့်ရှု့လေ့လာခဲ့ ကြောင်းသိရသည်။
မြတ်နိုးသူ(ခရိုင်ပြန်/ဆက်)