ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် နွေရာသီ အခြေခံပန်းချီရေးဆွဲနည်းသင်တန်း ဖွင့်လှစ်

ပျော်ဘွယ် မတ် ၁၆

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်၍ နွေရာသီ အခြေခံပန်းချီ ရေးဆွဲနည်းသင်တန်းကို မတ်လ(၁၅)ရက်၊ နံနက်(၉)နာရီခွဲက မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက မိမိတို့ဌာနတွင် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသလို လူငယ်လူရွယ်များအတွက်လည်း တတ်မြောက်ထားသင့်သည့် အကြောင်းအရာများကိုရွေးချယ်ကာ သင်တန်းများဖွင့်လှစ်ပေးနေမှုအခြေနေများ၊ ယနေ့အချိန်တွင် နွေရာသီကာလသည် အားလပ်ရက်ဖြစ်သောကြောင့် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရေးတိုကို ရှင်းလင်း ဆွေးနွေးပြီး သင်တန်းကိုဆက်လက်ပို့ချသည်။

နွေရာသီအခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို နည်းပြဆရာအဖြစ် ပြင်ပမှပညာရှင်တစ်ဦးက သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း၊ အဆိုပါသင်တန်းကို(၁၀)ရက်တာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၂၅)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)