မိတ္ထီလာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ရေး အသိပညာပေး ဟောပြေပွဲပြုလုပ်

မိတ္ထီလာ      မတ်   ၁၆

မန္တလေးတိုင်ဒေသကြီး၊ မိတ္ထီလာခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ ရရှိစေရန် ရည်ရွယ်ပြီး ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက မိတ္ထီလာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ဟောပြောခဲ့ကြောင်းသိရသည်။

အသိပညာပေးဟောပြောပွဲတွင် မိတ္ထီလာခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးစုမွန်က ပလတ်စတစ်ထုတ်လုပ်မှု၊ သုံးစွဲမှုနှင့် စွန့်ပစ်မှုအခြေအနေများ၊ ပလတ်စတစ်သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော လူမှုပတ်ဝန်းကျင်းဆိုင်ရာ ပြဿနာများ၊ ပလတ်စတစ်၏ ကောင်းကျိုး/ဆိုးကျိုးများနှင့် ပလတ်စတစ်အမျိုးအစား (၇)မျိုးစသည့် ခေါင်းစဉ်တို့ကို ရှင်းလင်းဆွေးနွေးခဲ့သည်။

အဆိုပါအသိပညာပေးဟောပြောပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးစုမွန်နှင့် တာဝန်ရှိသူများ၊  နွေရာသီသင်တန်း တက်ရောက်ကြသော ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ မိဘများ  တတ်ရောက်ခဲ့ကြကြောင်း သိရသည်။

ချစ်မျိုးဦး (ပြန်ဆက်)