ရေဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး ဟောပြောပွဲပြုလုပ်

ရေဖြူ  မတ်  ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ Community Centre တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ကျောင်းသူ/ သားများဗဟုသုတရရှိပြီး သိရှိနိုင်စေရန်ရည်ရွယ်၍ ယမန်နေ့နံနက် ၈ နာရီအချိန်က ကျင်းပပြု လုပ်ကြောင်း သိရှိရသည်။

ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ‌ ဒေါ်ဖြူဖြူရှိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community centre) တွင်ဖွင့်လှစ်သင်ကြားပေးနေသည့် နွေရာသီအခြေခံ အင်္ဂလိပ်စာသင်တန်း တက်ရောက်နေသောသင်တန်းသူ/သား (၃၅)ဦးတို့အား ကလေးအလုပ်သမားအဓိပ္ပါယ်၊ ကလေးအလုပ်သမားများ ၏အသက်အပိုင်းခြားများ၊ အလုပ်လုပ်ချိန်ကန့်သတ်ချက်များ၊ လူငယ်များနှင့်ကလေးသူငယ်များဖွံ့ဖြိုးတိုးတက်မှုအခန်းကဏ္ဍ၊အလုပ်လုပ်ချိန်ကန့်သတ်ချက်များနှင့်ဥပဒေဆိုင်ရာအကြောင်းအရာများကိုအသိပညာပေးရှင်းလင်း ဟောကြားပေးသည်။

ဆက်လက်၍ လူထုအခြေပြုဗဟိုဌာနတွင် ခင်းကျင်းပြသထားသော ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအသိ ပညာပေး နံရံကပ်စာစောင်ကို သင်တန်းသူ/သားများက ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

ခတ္တာ