ဒေါ့ဖုန်းယန်မြို့ နိုဝင်ဘာ ၄
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့တွင် အသက်(၂) နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို နိုဝင်ဘာ ၃ ရက် နံနက် ၈ နာရီခန့်ကစတင်၍ ဖာကေကျေးရွာနှင့် အူထန်ယန်ကျေးရွာများကို စတင်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
အဆိုပါပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ အသက်(၂)နှစ်အောက် ကလေးငယ်များအား ဘီစီဂျီ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီ၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်)ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗွီ) ၊ ပိုလီယိုအစက်ချ ကာကွယ်ဆေးများ ထိုးနှံပေးခြင်း ဝက်သက်နှင့်ဂျိုက်သိုး၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး၊ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး၊ ကလေးများကို ကိုယ်အလေးချိန် တိုင်းတာပေးခြင်း မေးခိုင်နှင့်ဆုံဆို့နာ ရောဂါကာကွယ်ဆေးများ၊ ကိုယ်ဝန်ဆောင် သန်ချဆေးနှင့် သံဓာတ်အားဆေး များ တိုက်ကျွေးခြင်း ဆီးချိုရောဂါ၊ ငှက်ဖျား၊HIV ကာလသားရောဂါ၊ သွေးအားနည်းခြင်း ရှိ/မရှိ သွေးဖောက်စစ်ဆေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ နိုဝင်ဘာလ (၃)ရက်နေ့က ဖာကေကျေးရွာနှင့် အူထန်ယန်ကျေးရွာများတွင် လည်းကောင်း၊ နိုဝင်ဘာလ(၄) ရက်နေ့တွင် ဒေါ့ဖုန်းယန်မြို့၊မြို့ပေါ်ရပ်ကွက်ရှိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေး ဆောင်ရွက်ပေးလျက်ရှိရာ အသက် (၂)နှစ်အောက်ကလေး (၁၇) ဦးနှင့် ကိုယ်ဝန်ဆောင်မိခင် (၃၉) ဦးတို့ကို ကျေးလက်ကျန်းမာရေး ဆရာမဝန်ထမ်းများက တိုက်ကျွေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မြသက်( ပြန်/ဆက် )