ကွန်ဟိန်း မတ် ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၊ (Community Centre)ခန်းမ၌ Book Club အဖွဲ့တို့နှင့်ပူးပေါင်း၍ မောင်မိုးယံရေးသားသော “လူငယ်နှင့်အနာဂတ်ဘဝ မြှင့်တင်ရေး” ဆောင်းပါးများစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးခွန်ရဲထွေးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးဒေါ် ရွှန်းမျက်သွယ်နိုင်က "လူငယ်နှင့်ပရဟိတစိတ်"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်အေးအေးသိန်းက "လူငယ်နှင့် မိမိကိုယ်မိမိ အားကိုးယုံကြည်စိတ်"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်မွန်မွန်စန်းက "လူငယ်နှင့် စာပေမြတ်နိုးစိတ်"ခေါင်းစဉ်ဖြင့်လည်ကောင်း အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး သုတ၊ ရသစာအုပ်ပြပွဲများ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းအား စာဖတ်သူတိုးပွားလာစေရန်၊ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်၊ ဗဟုသုတများဖလှယ်သည့် အလေ့အထများ တိုးပွားလာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
မြို့နယ်(ပြန်/ဆက်)