မယ်စဲ့မြို့နယ်တွင် လျှပ်စစ်ဓာတ်အား မရရှိသေးသည့် ပြည်သူများအတွက် ဓာတ်အားလိုင်း တိုးချဲ့ တည်ဆောက်

မယ်စဲ့  နိုဝင်ဘာလ  

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် လျှပ်စစ်ဓာတ်အားလိုင်းနှင့်ဝေးကွာပြီး လျှပ်စစ် ဓာတ်အား မရရှိသေး သည့် ပန်တိန်းကျေးရွာနေ ပြည်သူများအတွက် ဓာတ်အားလိုင်း တိုးချဲ့ တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိရာ ယနေ့မွန်းလွဲပိုင်းက အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းပန်ဖ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအယ်လ်ဖောင်းရှို၊ ဘောလခဲခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်း၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

လွှတ်တော်ကိုယ်စားလှယ်နှင့်အဖွဲ့သည် ပန်တိန်းကျေးရွာအတွင်း ဓာတ်အားဖြန့်ဖြူးထားသော လျှပ်စစ်ဓာတ်အားလိုင်းနှင့် ဝေးကွာပြီး လျှပ်စစ်ဓာတ်အား မရရှိသေးသည့် နေအိမ်များအတွက် အရှည် ပေ (၉၂၀) ဓာတ်အားလိုင်း သွယ်တန်းခြင်းလုပ်ငန်းနှင့် 400V ဓာတ်အားလိုင်း တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လျှပ်စစ်ဓာတ်အား အမြန်သုံးစွဲနိုင်ရေး ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)