မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်ရေးရာ အားကစားပြိုင်ပွဲကျင်းပ

မက်မန်း မတ် ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်ရေးရာ  အားကစားပြိုင်ပွဲအား ယနေ့ မွန်လွဲပိုင်းအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မက်မန်းခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာချိုက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် အခြေခံပညာအထက်တန်းကျောင်းမှ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများမှ ဉာဏ်ရည်မြှင့်တင်ရေးအားကစားပြိုင်ပွဲအား ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲအား ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ လူငယ်များအနေဖြင့် စိတ်ဓာတ်၊ စည်းကမ်းကောင်းများဖြင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကို တည်ဆောက်တတ်ကြရန်၊ လူငယ်များ အသိဉာဏ်ပညာတိုးတက်လာစေရန်၊ နည်းပညာများနှင့် တွေးခေါ်မှု မှန်ကန်ကောင်းမွန်စေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)