ကျောက်ဆည် ဖေဖော်ဝါရီ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်(၁၁)နာရီက နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတက်စေရန်၊ စာအုပ်စာပေများဖတ်ရှုလေ့လာပြီးဗဟုသုများရရှိစေရန် ရည်ရွယ်ချက်ဖြင့် ကဗျာရေးစပ် နည်းသင်တန်း(အခမဲ့) ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ကဗျာရေးစပ်နည်းသင်တန်းတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာအတတ်ပညာများရရှိစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ သင်တန်းများဖွင့်လှစ် သင်ကြားပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းနည်းပြ ဦးကျော်သန်း(မောင်ခိုင်ကျော်-ကျောက်ဆည်)က သံပေါက်စပ်နည်း၊ လင်္ကာစပ်နည်း၊ နဘေထပ်စပ်နည်း၊ ဆရာဦးမန်းခင်က လေးလုံးစပ်လင်္ကာ၊ တီထွင်စမ်းသစ်မှုများအကြောင်းနှင့် စာရေးဆရာမဒေါ်ခင်ချို(သီတဂူ-ကျောက်ဆည်) မှ ဒွေးချိုး၊ တြိချိုး၊ လေးချိုးစပ်နည်းများကို သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကဗျာရေးစပ်နည်းသင်တန်းကို ကျောက်ဆည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ သင်တန်းသား၊ သင်တန်းသူ(၄၀)ဦးဖြင့် ၂၀၂၄ခုနှစ်၊ မတ်လ(၁၈)ရက်နေ့မှ မတ်လ(၂၂)ရက်နေ့အထိ (၅)ရက် ကြာ စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။
စုစုအေး (ကျောက်ဆည်)