ပျော်ဘွယ်မြို့နယ်တွင် (၇၉) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ

ပျော်ဘွယ် မတ် ၁၉

ပျော်ဘွယ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၉)နှစ်မြောက်တပ်မတော်အနေ့ အထိမ်း အမှတ် အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကို မတ်လ(၁၈)ရက်၊ နံနက်(၉)နာရီခွဲက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် စည်းကမ်းများကို ရှင်းလင်းဆွေးနွေးသည်။

“ယခုပြိုင်ပွဲဝင်များက မကြာမီရက်ပိုင်းက ဖွင့်လှစ်ခဲ့သော အခြေခံစာစီစာကုံး ရေးသားနည်းသင်တန်းကို တက်ရောက်ထားသူများဖြစ်ပါတယ်။ ပြိုင်ပွဲဝင်တဲ့ အလေ့ အကျင့်ကောင်းများလည်း ဖြစ်လာအောင် ကျင်းပပေးခြင်းဖြစ်ပါတယ်” ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

(၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် မြို့ပေါ်ရပ်ကွက်များမှ အလယ်တန်း အဆင့်ကျောင်းသား၊ ကျောင်းသူ(၁၅)ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို မကြာမီကျင်းပမည့်အခမ်းအနား၌ ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)