ချမ်းမြသာစည် မတ် ၁၈
ကျောင်းသားလူငယ်များ အနေဖြင့် နွေရာသီ ကျောင်းပိတ်ရက်ရှည်ကိုအကျိုးရှိစွာဖြတ်သန်းနိုင်ရန်နှင့် အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ချမ်းမြသာစည်မြို့နယ် (Community Centre) ခန်းမတွင် နွေရာသီသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယနေ့နံနက်(၉) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းနှင့် စာပေရေးသားနည်းသင်တန်းတို့ကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးမောင်မောင် (မင်းဏီလူ)က အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် စာရေးဆရာအသင်းဥက္ကဋ္ဌက သုတ/ရသ စာအုပ်များကိုလည်းကောင်း၊ ဦးလေးမောင် (တရားလွတ်တော်ရှေ့နေ)က စက္ကုထုပ်များကို လည်းကောင်း အသီးသီးပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်ဦးစီးအရာရှိက လက်ခံရယူပေးခဲ့သည်။ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ စာရေးဆရာကြီးများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့မှ တာ၀န်ရှိသူများ၊ ပန်းချီဆရာကြီးများနှင့် မိဘများ၊သင်တန်းသား/သူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ နွေရာသီ (အခမဲ့)သင်တန်းများအနက် အခြေခံပန်းချီသင်တန်းတွင် သင်တန်းသား/ သူ ၃၀ ဦးနှင့် စာပေရေးသားနည်းသင်တန်းတွင် သင်တန်းသား/သူ ၂၀ ဦးတို့ တက်ရောက်ခဲ့ကြပြီး သင်တန်းများကို နေ့စဉ်နံနက် ၀၉:၀၀ နာရီမှ ၁၂:၀၀ နာရီအထိ (၅)ရက်တာ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ချမ်းမြေ့