ရေဇွာ နိုဝင်ဘာ ၅
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲနေ့တွင် မဲပေးကြမည့် မဲဆန္ဒရှင်များအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် မဲဆန္ဒရှင် သက်သေခံလက်မှတ် ထုတ်ယူနိုင်ခြင်း မရှိသူများနှင့် သက်သေခံလက်မှတ် ပျောက်ဆုံးသူများအနေဖြင့် ဆန္ဒမဲပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။
နိုဝင်ဘာလ(၈)ရက်နေ့ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးကြမည့် မဲဆန္ဒရှင်ပြည်သူ များအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့်မဲစာရင်းတွင် ပါဝင်နိုင်ခြင်းမရှိသူများ ပုံစံ(၁)ဖြင့် ပြန်လည်ဖြည့်စွက် ပြီးဆန္ဒမဲပေး နိုင်မည်ဖြစ်ကြောင်း ရပ်ကွက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သက်သေခံလက်မှတ်များ ပါရှိလာခြင်းကြောင့် မဲစာရင်းပြန်လည် စိစစ်ရန်လွယ်ကူစေခြင်း၊ ဆန္ဒမဲပေးရမည့်မဲရုံနှင့် မဲစာရင်းအမှတ် စဉ်များပါရှိသောကြောင့် မဲစာရင်း တိုက်ဆိုင်စစ်ဆေးရန် လွယ်ကူမည်ဖြစ်သည်။ အကြောင်းအမျိုးမျိုးကြောင့် မဲဆန္ဒရှင်သက်သေခံ လက်မှတ်ထုတ်ယူနိုင်ခြင်းမရှိသူများနှင့် သက်သေခံလက်မှတ် ထုတ်ယူပြီး ပျောက်ဆုံးခဲ့လျှင်လည်း ဆန္ဒမဲပေးခွင့်မဆုံးရှုံးစေရန် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်များ၊ မိမိ၏အမျိုးသား မှတ်ပုံတင်ကတ်ပြားများ၊ ဝန်ထမ်းကတ်များနှင့် အိမ်ထောင်စုစာရင်းများ ယူဆောင်လာပြီးမဲပေးနိုင်မည် ဖြစ်ကြောင်းရေဇွာမြို့ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများမှသိရသည်။
ဟုန်းအွမ်(ပြန်/ဆက်)