မဟာအောင်မြေ မတ် ၂၁
မန္တလေးခရိုင်၊မဟာအောင်မြေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် (၁၀)နာရီက အဆိုပါရုံး Community Centre ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဘိုဘိုဟန်က အခြေခံပန်းချီရေးဆွဲနည်းသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ပန်းချီပညာရှင် ဦးရွှေမော်က အခြေခံပန်းချီရေးဆွဲခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ပန်းချီပညာရှင် ဦးရွှေမော်နှင့် ဦးဖိုးချစ်တို့က အခြေခံပန်းချီရေးဆွဲနည်းနှင့် ပတ်သက်၍ လက်တွေ့ရေးဆွဲ သင်ကြားပေးလျက်ရှိရာ နွေရာသီကျောင်းပိတ်ရက်များဖြစ်သည့်အတွက် သင်တန်းသို့ ကျောင်းသား၊ ကျောင်းသူများ၊ ပန်းချီရေးဆွဲနည်းစိတ်ဝင်စားသူများ တက်ရောက် သင်ယူလျက်ရှိပြီး သင်တန်းကာလမှာ (၂၀-၃-၂၀၂၄)ရက်နေ့မှ (၂၂-၃-၂၀၂၄) ရက်နေ့ထိ (အခမဲ့)သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အောင်ဇော်မင်း