ခမောက်ကြီး မတ် ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ ထုတ်ဝေသည့် (၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ခမောက်ကြီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက မတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းက ခမောက်ကြီးမြို့ လူစည်ကားသည့်နေရာများတွင် ဒေသခံပြည်သူများအား အသိပညာပေး ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ အသိပညာပေးလက်ကမ်းစာစောင်တွင် (၇၉)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် (၂၇-၃-၂၀၂၃)ရက်နေ့ (၇၈)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်၊ ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း သိကောင်းစရာများ၊ တပ်မတော်နေ့ဆိုင်ရာအသိပညာပေးကဗျာ၊ ဆောင်းပါးနှင့်ဆောင်ပုဒ်များပါရှိပါသည်။
မြန်မာနိုင်ငံလွတ်လမ်းရေးရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် တပ်မတော်နေ့ဆိုင်ရာ အသိပညာ၊ ဗဟုသုတများကို ပြည်သူများသိရှိစေရန်နှင့် တပ်မတော်ကြီး စတင်ဖွဲ့စည်းစဉ်ကပင် နိုင်ငံတော်နှင့် တိုင်းရင်းသားမိဘပြည်သူများအတွက် ဖြစ်သကဲ့သို့ ပစ္စုပ္ပန်ကာလနှင့် အနာဂတ်ကာလတွင်လည်း နိုင်ငံတော်နှင့်တိုင်းရင်းသားမိဘပြည်သူများ အကျိုးစီးပွားအတွက် ဦးလည်မသုန် ကျေပွန်စွာထမ်းဆောင်လျက်ရှိကြောင်းကို ပြည်သူများသိရှိစေရန်ရည်ရွယ်၍ အဆိုပါ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်းသိရသည်။
ခမောက်ကြီး(ပြန်/ဆက်)