မိုင်းဆတ်ခရိုင်၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ အင်္ဂလိပ်စာအခြေခံသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

မိုင်းဆတ် မတ် ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် Youth Club အဖွဲ့တို့ပူးပေါင်း၍ အင်္ဂလိပ်စာအခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၉)နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ပညာရေးမှူး ဦးအောင်ဇော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်က အင်္ဂလိပ်စာအခြေခံသင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ သင်တန်းနည်းပြဆရာမ ဒေါ်အေးအေးခိုင်က သင်ကြားပို့ချမည့် အင်္ဂလိပ်စာအခြေခံသင်ခန်းစာများကို ရှင်းလင်းပြောကြားကာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက (၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး ခင်းကျင်းပြသထားသည့် သုတ၊ ရသ စာအုပ်စာစောင်များကိုလေ့လာကြည့်ရှုခဲ့ကြသည်။

အဆိုပါ အင်္ဂလိပ်စာအခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်၊ ခရိုင်ပညာရေးမှူး ဦးအောင်ဇော်၊ Youth Club အဖွဲ့ဥက္ကဋ္ဌ ဦးချင်းတွင်းဇော်၊ Book Club အဖွဲ့ဥက္ကဋ္ဌ ဦးပိုင်ထူးနှင့် အဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ခရိုင်ပညာရေးမှူးရုံးမှ ဗလာစာအုပ်များ ထောက်ပံ့ပေးအပ်ခဲ့ပြီး သင်တန်းကို မတ်လ(၂၀)ရက်နေ့မှ ဧပြီလ(၅)နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)