ငါ့သရောက် မတ် ၂၁
ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီခွဲက စာကြည့်တိုက်တွင် စာအုပ်စာစောင်များ လာရောက်ငှားရမ်းသည့် စာဖတ်သူ၊ စာငှားသူများ စုပေါင်း၍ ကဗျာရွတ်၊ စကားပုံဆက်ပြိုင်ပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပထမဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးက ပြိုင်ပွဲပြုလုပ်ရခြင်းနှင့် ပတ်သက်၍ စာကြည့်တိုက်လာစာဖတ်သူ၊ စာငှားသူများကို မိမိတို့ဖတ်ရှုထားသည့် စာအုပ်များထဲမှ အချင်းချင်း အသိပညာများဖလှယ်ကြရန် တစ်ဦးနှင့်တစ်ဦး ရင်းနှီးကျွမ်းဝင်စေရန်နှင့် စာအုပ်စာပေ ဖတ်ရှုရခြင်း၏ ရလဒ်ကောင်းများ ရှင်းလင်းချပြပြောကြားခဲ့ပြီး ပြိုင်ပွဲဝင် ကျောင်းသား/သူများမှ ပုံပြင်ပြောပြိုင်ပွဲဝင် (၇) ဦးနှင့် စကားပုံဆက်ပြိုင်ပွဲဝင်(၈)ဦး ပါဝင်ယှဥ်ပြိုင်ကြပြီး ဆုရရှိသူများကို မြို့ဦးစီးမှူးမှ ပုံပြင်စာအုပ် (၁) အုပ်စီ အမှတ်တရလက်ဆောင်ပေးခဲ့ကြောင်း သိရသည်။
ငါ့သရောက်(ပြန်/ဆက်)