မန္တလေးမြို့လူထုအခြေပြုဗဟိုဌာန၌ အခြေခံစာစီစာကုံးရေးသားနည်းသင်တန်းဖွင့်လှစ်

မန္တလေး မတ် ၂၁

မန္တလေးမြို့ လူထုအခြေပြုဗဟိုဌာန၌ နွေရာသီ အခြေခံစာစီစာကုံးရေးသားနည်းသင်တန်း ဖွင့်လှစ်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်သန်းက သင်တန်းဖွင့်လှစ်ရသည့်ရည်ရွယ်ချက်ကို ပြောကြားပြီး သင်တန်းနည်းပြ ဆရာချမ်းမြေ့အေးက သင်တန်းတွင် ပို့ချပေးမည့်သင်ခန်းစာများနှင့် သင်တန်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ 

သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ (၁၅) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ  တစ်ပတ်ဖြစ်ကြောင်း သိရသည်။

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ကျောင်းသူများအတွက် အခြေခံအင်္ဂလိပ်စာသင်တန်း၊ အခြေခံကွန်ပျုတာသင်တန်းများကို အခမဲ့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)