ပြင်စလူမြို့၌ မဲရုံအဖွဲ့ဝင်များအား ဆင့်ပွားသင်တန်းပို့ချ

ပြင်စလူ  နိုဝင်ဘာ  ၅

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် မဲရုံအဖွဲ့ဝင်များ ဆင့်ပွားသင်တန်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အ​ထက ပြင်စလူ အထက်တန်း ကျောင်းခန်းမတွင် မဲရုံးမှူးနှင့် ဒုတိယမဲရုံမှူးများက ဆင့်ပွားပို့ချခဲ့သည်။

ရွေးကောက်ပွဲကာလတွင် မဲဆန္ဒရှင်ပြည်သူများ အချိန်ကြန့်ကြာမှု မရှိစေဘဲ လျင်မြန်လွယ်ကူစွာ ဆန္ဒမဲပေးနိုင်ရန်၊ မဲရုံအဖွဲ့ဝင်များမှ မိမိတို့ထမ်းဆောင်ရမည့် တာဝန်ကိုသိရှိပြီး မဲရုံမှူး၊ ဒုတိယမဲရုံမှူး များအား ကူညီဆောင်ရွက်ပေးနိုင်ရန် ဆင့်ပွားပို့ချခြင်းဖြစ်ကြောင်း တာဝန်ခံကျောင်းအုပ် ဦးသန်းလှိုင်က ပြောကြားခဲ့ပြီး ဒုတိယမဲရုံမှူးက လက်တွေ့သရုပ်ပြ ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် မဲရုံအဖွဲ့ဝင်များက သိရှိလိုသည်များကို အပြန်အလှန် မေးမြန်း ဆွေးနွေးခဲ့ကြသည်။

အဆိုပါ ဆင့်ပွားသင်တန်းသို့ ပြင်စလူမြို့ပေါ်မှ မဲရုံတာဝန်ထမ်းဆောင်မည့် မဲရုံအဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး အလားတူ ရပ်/ကျေး မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် မဲရုံအဖွဲ့ဝင်များအား သက်ဆိုင်ရာ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများက ဆင့်ပွားပို့ချပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ဇင်ဖြိုးသူ (ပြန်/ဆက်)