ရွှေကူမြို့နယ်၌ အသက် (၁) နှစ်ခွဲအောက် ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံ၊ တိုက်ကျွေးခြင်းများ ဆောင်ရွက်

ရွှေကူ  နိုဝင်ဘာ  ၅

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်တွင် အသက်(၁) နှစ်ခွဲအောက် ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးခြင်းကို ယနေ့နံနက် ၉ နာရီခန့်က ရွှေကူမြို့ပေါ် ရပ်ကွက်များ၌ ကျန်းမာရေး ဝန်ထမ်းများမှ ကာကွယ်ဆေးများ ထိုးနှံခြင်း၊ တိုက်ကျွေးခြင်းများဆောင်ရွက်ခဲ့သည်။
ယင်းသို့ ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးရာတွင် အသည်းရောင်အသားဝါ၊ ဘီစီဂျီ၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှော၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်၊ ဆုံဆို့−ကြက်ညှာ−မေးခိုင်−အသည်းရောင် အသားဝါ−ဦးနှောက် အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဝက်သက်−ဂျိုက်သိုး ရောဂါနှင့် ဂျပန်ဦးနှောက် ရောင်ရောဂါ ကာကွယ် ဆေးများကို အသက်(၁) နှစ်ခွဲအောက် ကလေးသူငယ်များအား အမျိုးသမီးကျန်းမာရေး ဆရာမ ဒေါ်အေးအေးခိုင် နှင့် ကျန်းမာရေး ဝန်ထမ်းများက ပုံမှန်ကာကွယ်ဆေးများ ထိုးနှံခြင်း၊ တိုက်ကျွေးခြင်းများ ဆောင်ရွက်ခဲ့သည်။
မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးရခြင်းနှင့် ပတ်သက်၍ ကာကွယ်နိုင်သည့် ရောဂါများအကြောင်းကို ကာကွယ်ဆေး ထိုးနှံ၊ တိုက်ကျွေးရန် လာရောက်သည့် မိခင်များ တစ်ဦးချင်းဆီသို့ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။


ကျော်မျိုးအောင်(ပြန်/ဆက်)