တီးတိန်၌ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ အမှားအယွင်းမရှိ ဆောင်ရွက်စေရေး ရှင်းလင်း ဆွေးနွေးခြင်းနှင့် မဲရုံများ ပြင်ဆင်ဆောင်ရွက်မှု ကွင်းဆင်းစစ်ဆေး

တီးတိန်  နိုဝင်ဘာ 

ချင်းပြည်နယ်၊ တီးတိန်မြို့တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ အမှားအယွင်းမရှိ ဆောင်ရွက်နိုင်စေရေး ရှင်းလင်းဆွေးနွေးခြင်းနှင့် မဲရုံများ ပြင်ဆင် ဆောင်ရွက်နေမှုများ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွဲ နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဖလမ်းခရိုင်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဝင်းက မဲရုံလုံခြုံရေး၊ သတ်မှတ်ထားသည့် မဲရုံသုံးပစ္စည်းများ ရောက်ရှိမှုအခြေအနေ၊ ဆက်သွယ်ရေး အဆင်ပြေစေမှု၊ ရာသီဥတုနှင့် လမ်းပန်းဆက်သွယ်ရေးကြောင့် ဖြစ်ပေါ်နိုင်သော အခြေအနေများကို တီးတိန်မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များနှင့် ပေါင်းစပ်ညှိနှိုင်း ရှင်းလင်း ဆွေးနွေးသည်။

ထို့နောက် ဖလမ်းခရိုင်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဝင်း၊ တီးတိန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှစိုး၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်တို့က တီးတိန်မြို့ပေါ်၌ ဖွင့်လှစ်မည့် စကောလမ်းရပ်ကွက်ရှိ အထက-() တွင် မဲရုံ()ရုံ၊ မြို့မရပ်ကွက်ရှိ အလက(ခွဲ)တွင် မဲရုံ ()ရုံ၊ လွယ်ဘွာလ်းရပ်ကွက်ရှိ အမက()တွင် မဲရုံ()ရုံ၊ လေးလုမ်း ရပ်ကွက်ရှိ အမက ကျောင်းတွင် မဲရုံ()ရုံ၊ ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များကို ဖလမ်းခရိုင် အုပ်ချုပ်ရေးမှူးမှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပေါင်ကျင့်မုန်(ပြန်/ဆက်)