ချီဖွေ နိုဝင်ဘာ ၅
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်၌ (၂၀၂၀)ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့ ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန် ကြေညာထားသော ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ မဲရုံးများတွင် ဆောင်ရွက် နိုင်ရန်အတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် ထုတ်ပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် KN-95 အမျိုးအစားနှာခေါင်းစည်း Masks များ၊ PPE ဝတ်စုံများ အပါအဝင် ကျန်းမာရေးသုံး ပစ္စည်းများ ပေးအပ်ရာတွင် ရပ်ကွက်/ကျေးရွာအလိုက် ဌာနဆိုင်ရာများ ပါဝင်ဖွဲ့စည်းထားသော မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်(၉)ဦးထံသို့ မဲရုံတစ်ခုချင်းစီအလိုက် မြို့နယ်ကော်မရှင်ရုံးမှ စနစ်တကျ ထုတ်ပေးခဲ့ကြောင်း သိရပြီး ချီဖွေမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာ(၄၀)အုပ်စုမှ မဲရုံပေါင်း (၄၇)ရုံအတွက် ထုတ်ပေး ခဲ့ကြောင်း သိရသည်။
အဆိုပါပစ္စည်းများကို နိုဝင်ဘာလ(၈)ရက်နေ့ ဆန္ဒမဲပေးသည့်နေ့တွင် မဲရုံအဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်း မဲရုံအကူများ၊ ဆန္ဒမဲလာရောက်ပေးသည့် မဲဆန္ဒရှင်များ အသုံးပြုနိုင်ရန် ထုတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
နန်းမြင့်(မြို့နယ် ပြန်/ဆက်)