ဗန်းမော် နိုဝင်ဘာ ၅
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အသက်(၆၀)နှစ် အထက် သက်ကြီးဘိုးဘွား များနှင့် မဲရုံတွင် တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများ အောက်တိုဘာလ ၂၉ ရက်နေ့မှ စတင်၍ နိုဝင်ဘာလ ၅ ရက်နေ့အထိ ကြိုတင်ဆန္ဒမဲကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများသို့ ဆန္ဒမဲပေးလျက် ရှိကြောင်း သိရသည်။
အဆိုပါ ကြိုတင်ဆန္ဒမဲပေးခြင်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် အညီ အောက်တိုဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းမှစ၍ နိုဝင်ဘာလ ၅ ရက်နေ့အထိ သတ်မှတ် ထားပြီး အသက်(၆ဝ)နှစ် အထက် သက်ကြီးဘိုးဘွားများ၊ မဲရုံတွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အထူးရဲများ၊ မီးသတ်တပ်ဖွဲ့ဝင် များ၊ မသန်စွမ်းသူများနှင့် ခရီးသွားရန်ရှိသူများတို့က ကြိုတင်ဆန္ဒမဲပေးလျက်ရှိရာ မဲရုံသို့ ကိုယ်တိုင်မလာရောက်နိုင်သည့် ကျန်းမာရေးမကောင်းသူများ၊ မသန်စွမ်းသူများအား အိမ်တိုင် ရာရောက် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ဆောင်ရွက်ပေးလျက်ရှိသည်။
ဗန်းမော်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပေါင်း (၉၄၂၄၄) ဦးရှိပြီး ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံ(၅၈)ရုံသို့ အောက်တိုဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းမှ စ၍ နိုဝင်ဘာလ ၄ ရက်နေ့အထိ ကြိုတင်ဆန္ဒမဲ ပေးပြီးသူ စုစုပေါင်း (၁၄၉၀၉) ဦး ရှိပြီဖြစ်ကြောင်း ဗန်းမော်မြို့နယ် အထွေထွေရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးထံမှ သိရသည်။
ခရိုင်ပြန်/ဆက်