မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စားပွဲတင်တင်းနစ် အခြေခံသင်တန်းဖွင့်ပွဲကျင်းပ

မအူပင်  မတ်  ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက် (၉)နာရီက စားပွဲတင်တင်းနစ်အခြေခံသင်တန်းဖွင့်ပွဲကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးမှ ကျောင်းသား/ကျောင်းသူများ နွေရာသီကျောင်း ပိတ်ရက်များတွင် ကာယ၊ ဉာဏဖွံ့ဖြိုးတိုးတက်‌စေရန်နှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ သင်တန်းနည်းပြ ဆရာများဖြစ်သည့် ဦးအာကာဦးနှင့် ဦးကျော်ရဲနိုင်တို့မှ စားပွဲတင်တင်းနစ်ကစားရာတွင် အရေးကြီးသည့်အ‌ခြေခံအချက်များနှင့် လိုအပ်သည် များအားရှင်းလင်း ပြောကြားခဲ့ကြရာ သင်တန်းသားများက သိလိုသည်များအားပြန်လည် မေးမြန်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ‌ စားပွဲတင်တင်းနစ်အခြေခံသင်တန်းအား မြို့ပေါ်ကျောင်းများမှ သင်တန်းသား/သင်တန်းသူ (၂၁)ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၂၄-၃-၂၀၂၄) မှ (၃၀-၃-၂၀၂၄)ထိ (၇)ရက်တာကာလဖြစ်ကြောင်း သိရသည်။

အောင်မြင့်မြတ် (ပြန်/ဆက်)