ဆွမ်ပရာဘွမ် နိုဝင်ဘာ ၅
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ မြို့နယ်အဆင့်ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်း စေ့စပ်ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီခွဲခန့်က မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါအစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက မဲရုံတည်နေရာကို အတည်ပြုကြေညာခြင်းကိစ္စ၊ မဲဆန္ဒနယ်ပြင်ပဆန္ဒမဲ ဖွင့်ဖောက်ပြီး ရလဒ်ရေတွက်ခြင်းကိစ္စ၊ ရွေးကောက်ပွဲရလဒ်ပုံစံများအကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် လောင်းများ ဆန္ဒမဲစာရင်းရလဒ်များ ကြေညာရန်ကိစ္စ၊ ရွေးကောက်ပွဲဆိုင်ရာအငြင်းပွားမှုများ ဖြေရှင်းဆောင်ရွက်ခြင်းကိစ္စ၊ တပ်မတော်သားများ ဆန္ဒမဲ အကြောင်းအရင်းများ၊ ခိုင်လုံမဲ၊ ပယ်မဲများအကြောင်း၊ မီဒီယာသတင်းများ အကြောင်း၊ မဲရုံအတွင်း ဖုန်းအသုံး မပြုရမည့်အကြောင်း၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများအကြောင်းများကိုပြောကြားပြီး တက်ရောက် လာသော မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများက အသီးသီးဆွေးနွေးကြသည်။ ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်မဖွဲ့ခွဲမှ တာဝန်ရှိသူများက မြို့ပေါ်(၃)ရပ်ကွက်ရှိ မဲရုံပြင်ဆင်ထားရှိမှု အခြေအနေများကိုကြည့်ရှုစစ်ဆေးခဲ့သည်။
ကုဋေ (ပြန်/ဆက်)