ဖားဆောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ မဲရုံသုံးပစ္စည်းများ စနစ်တကျ ထုတ်ပေး

ဖားဆောင်း  နိုဝင်ဘာ ၅

ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ (၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲရုံများတွင် အသုံးပြုမည့် မဲရုံသုံး ပစ္စည်းများကို ယမန်နေ့က စတင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်ထွန်း၊ အတွင်းရေးမှူး မြို့နယ်ကော်မရှင် ဦးစီးအရာရှိ ဦးကျော်သူရနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များက ဖားဆောင်းမြို့နယ် အတွင်းရှိ မဲရုံများတွင် အသုံးပြုရန် မဲပုံးနှင့် မဲရုံသုံးပစ္စည်းများ၊ မဲရုံသက်သေခံပြား၊ မဲရုံပြုပြင်ရေးစရိတ်၊ နှာခေါင်းစည်း၊ လက်သန့်ဆေးရည်၊ လက်အိတ်၊ မဲပေးပုံအဆင့်ဆင့် အသိပညာပေးဗီနိုင်းတို့ကို ရပ်ကွက်နှင့် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ထံ စနစ်တကျ ထုတ်ပေးလျက် ရှိကြောင်းနှင့် ဖားဆောင်းမြို့နယ်တွင် ရပ်ကွက်(၂)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၈)အုပ်စုတွင် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စုစုပေါင်း(၁၆၉၁၂)ဦးခန့် ရှိပြီး မဲရုံ(၁၇)ရုံ ဆောင်ရွက်ထားရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)