ချမ်းမြသာစည် မတ် ၂၈
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်ရှိ ပုညနန္ဒာဓမ္မာရုံတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းတွင် ယနေ့မွန်းလွဲ ၂ နာရီက ဗလာစာအုပ်နှင့် စာရေးကိရိယာများလှူဒါန်းပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်း၏ သင်တန်းအုပ်ချုပ်သူက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး မြို့နယ်စစ်မှုထမ်း ဟောင်းအဖွဲ့မှ လှူဒါန်းသည့် ဗလာစာအုပ်များနှင့် စာရေးကိရိယာများအား လက်ခံရယူခဲ့သည်။ အဆိုပါ သင်တန်းနှင့်ပတ်သက်၍ သင်တန်းတာ၀န်ခံတစ်ဦးက "သင်တန်းကို မတ်လ ၄ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ကျောင်းသား/သူလေးများ နွေရာသီကျောင်းပိတ်ရက်ကို အကျိုးရှိစွာ ကုန်ဆုံးစေရန်နှင့် ယဉ်ကျေးလိမ္မာသော ကလေးငယ်လေးများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ခဲ့ကြောင်း၊ သင်တန်းသား/သူ စုစုပေါင်း(၉၀)ဦး တက်ရောက်လျက်ရှိကြောင်း"ပြောကြားခဲ့ကြောင်း သိရသည်။
ချမ်းမြေ့