ပျဉ်းမနား မတ် ၂၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ခရိုင်နှင့် မြို့နယ်များရှိ ဈေးများအတွင်း အသား/ငါး သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းစေရေး စီမံချက်အရ ပျဉ်းမနားမြို့နယ်၌ အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် စားသောက်ကုန်များကို ယမန်နေ့နံနက်ပိုင်းက မဟာရသုခဈေး၌ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခွန်းခူ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဦးစီးမှူး ဦးခင်အောင်နီ၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်မြင့်မြင့်အေးနှင့် တာဝန်ရှိသူများက အဟာရသုခဈေးအတွင်း၌ စားအုန်းဆီများသတ်မှတ်စျေးနှုန်းအတိုင်းသာ ရောင်းချမှုရှိစေရေးနှင့် ကုန်ပစ္စည်းအမျိုးအမည် ကန့်သက်ရောင်းချမှုမရှိစေရေးအတွက် စတိုးဆိုင်များ၊ စာအုန်းဆီအရောင်းဆိုင်များနှင့် ဆီပွဲရုံများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး စားသောက်ကုန်များ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှုရှိစေရေးနှင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် ကြုံတွေ့ရသည့်အခက်အခဲအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)