မင်းတပ်မြို့ပေါ်ရှိ အသက်(၆၀) နှစ်အထက် မဲဆန္ဒရှင်သက်ကြီးဘိုးဘွားများ ကြိုတင်ဆန္ဒမဲပေး

မင်းတပ်       နိုဝင်ဘာ      ၅

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အကြိုကာလတွင် ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ မင်းတပ်မြို့ မြို့ပေါ်(၄) ရပ်ကွက်ရှိ အသက် ၆၀ နှစ်အထက် အဘိုးအဘွားများအား ယနေ့ နံနက် ၁၀  နာရီမှစတင်၍ အိမ်တိုင်ရာရောက် ဆန္ဒမဲကောက်ယူရန် ကွင်းဆင်းကြကြောင်း သိရသည်။

မင်းတပ်မြို့ရှိ အသက်(၆၀) နှစ်အထက် မဲဆန္ဒရှင်အဘိုးအဘွားများ၊ မသန်စွမ်းလူကြီးများနှင့် ကြိုတင်ဆန္ဒမဲပေးလိုသည့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိတို့ကြိုက်နှစ်သက်သည့် ပါတီများအား မဲပေးနိုင်ရန်နှင့် ရပ်ကွက်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက မင်းတပ်မြို့ပေါ် ရပ်ကွက် (၄) ရပ်ကွက်ရှိ သက်ကြီးဘိုးဘွားများထံ အိမ်တိုင်ရာရောက်သွားရောက်၍ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခွီရှိန်းမောင်း(မင်းတပ်)