စဉ့်ကူးမြို့နယ် မင်းရွာကျေးရွာတွင် "ကျေးလက်ဒေသဖွံ့ဖြိုးရေး" ပြည်သူ့စကားဝိုင်း ကျင်းပမည်

စဉ့်ကူး ဖေဖော်ဝါရီ ၂၅

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်တွင် အမှတ် (၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်းကျင်းပသော "ကျေးလက် ဒေသ ဖွံ့ဖြိုးရေး" ပြည်သူ့စကားဝိုင်းကို မင်းရွာကျေးရွာ အုပ်စု၊ မင်းရွာကျေးရွာ ရွာလယ်(ဓမ္မာရုံ) တွင် ဖေဖော်ဝါရီ ၂၆ ရက် မွန်းလွဲ ၁ နာရီတွင် ကျင်ပပြုသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျေးလက်စကားဝိုင်းကို အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ကျော်နိုင်ဦး၊  ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်နီလင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးကျော်ကျော်ညွန့်၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးမှူး ဦးချစ်ထွန်းမြိုင်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်သိန်း တို့က ကျေးလက်နေပြည်သူများ၏ ဘဝဖွံဖြိုး တိုးတက်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးကြမည် ဖြစ်ပြီး စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက် ဆွေးနွေးနိုင်ကြောင်း သိရသည်။

မင်းဇော်ဦး(ပြန်/ဆက်)