ဆဒုံး နိုဝင်ဘာ ၅
ကချင်ပြည်နယ်၊ ဆဒုံးမြို့နယ်၌ ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အဆင်ပြေအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဝိုင်းမော်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့နှင့် ဆဒုံးမြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ယနေ့နံနက် ၁၀ နာရီချိန်တွင် ဆဒုံးမြို့နယ်ရှိ မဲရုံ ( ၆) ရုံအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ကွင်းဆင်း စစ်ဆေးရာတွင် မဲရုံသုံးပစ္စည်းများစုံမစုံ၊ မဲရုံအတွင်း မဲပုံးထားရှိမှုအခြေအနေ၊ ရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများဖြင့် မဲပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ကျော်နိုင်ဌေး (ပြန်/ဆက်)