တောင်သာမြို့ အမှတ်(၁) ရပ်ကွက်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်ပြဘုတ်များပြသ

တောင်သာ ဧပြီ ၂

တောင်သာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် ကလေးအလုပ်သမားပပျောက်ရေးနံရံကပ်ပြဘုတ်များကို ယနေ့နံနက်(၁၀)နာရီ အချိန်က အမှတ်(၁) ရပ်ကွက် မူလတန်းကြိုကျောင်း၌ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနား၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲဝင်းအောင်က လူငယ်နှင့်စာဖတ်ခြင်းအကြောင်း စသည်များအား ပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားကျောင်းသူများအား ကလေးအလုပ်သမား ပပျောက်ရေး နံရံကပ်ပြဘုတ်များပြသခဲ့ရာ စိတ်ပါ၀င်စားစွာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အဆိုပါဟောပြောပွဲသို့ကျောင်းသား/ကျောင်းသူ(၄၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)