ခိုင်ကမ်း နိုဝင်ဘာ ၅
ချင်းပြည်နယ်၊ ခိုင်ကမ်းမြို့၊ ကျေးလက်ကျန်းမာရေးဌာနခွဲတွင် ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ကိုယ်ဝန်ဆောင် မိခင်များနှင့် အသက်(၁)နှစ်ခွဲအောက် ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေး၊ ထိုးနှံပေးခဲ့ ကြောင်းသိရသည်။
ကာကွယ်ဆေးများ ထိုးနှံရာတွင် အသက်(၁၀)နှစ်အောက် ကလေးငယ်များအား အသည်းရောင် အသားဝါ(ဘီ)၊ ဘီစီဂျီ၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ပိုလီယို ကာကွယ်ဆေး၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်၊ ဂျိုက်သိုး စသည့်ကာကွယ်ဆေးများ တိုက်ကျွေး ထိုးနှံပေးခဲ့ကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးတိုက်ကျွေးထိုးနှံမှုကို ခိုင်ကမ်းမြို့ရှိ ရပ်ကွက်စုစုပေါင်း(၄)ခုမှ အသက်(၁)နှစ်ခွဲ အောက်ကလေးငယ် စုစုပေါင်း(၂၆)ဦးနှင့် ကိုယ်ဝန်ဆောင်မိခင် စုစုပေါင်း(၁၉)ဦး တို့အား ပြုလုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဝုန်လွန်းညောင်(ခိုင်ကမ်း)