ဖလမ်း နိုဝင်ဘာ ၆
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေ စီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဖလမ်းခရိုင်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီတွင် အဆိုပါရုံး၌ ပြုလုပ်သည်။
အစည်းအဝေးတွင် ဖလမ်းခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဆန်ထန်းက အမှာစကား ပြောကြားပြီး ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမျိုးမင်းစိုးမှ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းသည်။
ထို့နောက် တက်ရောက်လာကြသည့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဂျွန်(ပြန်/ဆက်)