တနိုင်း နိုဝင်ဘာ ၆
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ ခြင်းနှင့် မဲရုံတွင်တာဝန်ကျဝန်ထမ်းများအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပစ္စည်းများဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် ၇ နာရီခွဲအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ (မြို့နယ်အုပ်ချုပ်ရေးမှူး) ဦးကျော်လွင်မှ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျရောက်မည့်အထွေထွေရွေးကောက်ပွဲနေ့တွင် ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် မိမိတာဝန်ကျရာ မဲရုံများအလိုက်ကြီးကြပ် ဆောင်ရွက်ရန်နှင့် ထူးခြားဖြစ်စဉ်များ ရှိလာပါက အချိန်နှင့်တစ်ပြေးညီတင်ပြရန် အမှာစကားပြေ ကြားသည်။
ဆက်လက်၍ တနိုင်းမြို့မရဲစခန်း ရဲမှူးဝင်းညွှန့်မှ မိမိတာဝန်ကျရာ ရပ်ကွက်/ ကျေးရွာများ ဆက်သွယ်ရမည့် ဆက်သွယ်ရေးလှိုင်းများ ပြတ်တောက်မှုမရှိစေရေးနှင့် အထိုင်စက်ထားရှိရာနေရာများ၊ ဆက်သွယ်ရေးရရှိနိုင်သည့်နေရာများ ချပြဆွေးပြီး ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ လိုအပ်ချက်များ၊ သိရှိလို သည်များကို ဆွေးနွေးတိုင်ပင်ညှိနှိုင်းခဲ့သည်။
ထို့နောက် ရပ်ကွက်/ ကျေးရွာအုပ်စု(၂၂)အုပ်စုမှ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမဲရုံ(၂၃)ရုံမှ မဲရုံအဖွဲ့ဝင် များ၊ စေတနာ့ဝန်ထမ်းမဲရုံကူများ၊ ဆန္ဒမဲလာရောက်ပေးသည့် မဲဆန္ဒရှင်း အသုံးပြုနိုင်ရန် အတွက် ကိုဗစ်-၁၉ကာကွယ်ရေးပစ္စည်းများဖြစ်သည့် KN-95 Masksများ၊ Face Shield များ၊ Level-2 PPE Surgical Cap များနှင့် Level-3 PPE Full Set များအား သက်ဆိုင်ရာတာဝန်ရှိသူများမှ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာလုံခြံရေး စီမံခန့်ခွဲမှုကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှအဖွဲ့ဝင်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ ကြကြောင်း သိရသည်။
စိုင်းထင်ကျော်(ပြန်/ဆက်)