မိတ္ထီလာမြို့နယ်တွင် အခြေခံကဗျာရေးစပ်နည်းလမ်းညွှန်သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

မိတ္ထီလာ  ဧပြီ ၅

မိတ္ထီလာမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံကဗျာရေးစပ်နည်းလမ်းညွှန်သင်တန်း ဆင်းပွဲအခမ်းအနားကို ဧပြီလ ၅ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် စာပဒေသာ ဝေဆာစေမည် ဗီဒီယိုကလစ်အား ပြသခဲ့ပြီး မြို့နယ် စာရေးဆရာအသင်း ဥက္ကဋ္ဌ စာရေးဆရာတင်တော်က သင်တန်းဆင်း အမှာစကားပြောကြားခဲ့သည်။ ၎င်းနောက် မိတ္ထီလာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်နှင့် တာဝန်ရှိသူများက ကဗျာရေး စပ်ပြိုင်ပွဲတွင် ဆုရရရှိသည့် သင်တန်းသားသင်တန်းသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ကဗျာရေးစပ်ပြိုင်ပွဲတွင် ပထမဆုရရှိသည့်ကဗျာအား သင်တန်းသူ ဆရာမကဗျာသံဇဉ်က ရွတ်ဆိုခဲ့သည်။

ယင်းနောက် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌက သင်တန်းသားသင်တန်းသူများအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့ရာ သင်တန်းသား သင်တန်းသူများကိုယ်စား သင်တန်းသူ ဆရာမဒေါ်စိုးစိုးသန်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စာရေးဆရာအသင်း နာယက စာရေးဆရာဘိုမျိုး(ရွှေဘို)က သင်တန်းနည်းပြများအား အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်၊ မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ စာရေးဆရာတင်တော်နှင့် အသင်းဝင်များ၊ မိတ္ထီလာခရိုင် မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း ဥက္ကဋ္ဌ ဦးမောင်မောင်အေးနှင့် တာဝန်ရှိသူများ၊ သင်တန်းသားသင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)