ချမ်းမြသာစည် ဧပြီ ၅
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်တွင်အခမ်းအနားတစ်ခုအား အောင်မြင် ပြည့်စုံစွာ ပြီးမြောက်စေရန်နှင့် အခမ်းအနားမှူးတာ၀န်ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သောအခမ်းအနားမှူး သင်တန်း၏ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။
သင်တန်းဆင်းပွဲအခမ်းအနားတွင် ချမ်းမြသာစည်မြို့နယ်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးရေခဲက အဖွင့် အမှာစကား ပြောကြားပြီးနောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်းက သင်တန်းကာလ ပြီးဆုံးသည်အထိ စနစ်တကျလေ့လာသင်ယူခဲ့ကြသော ဆရာမများနှင့် ဌာနဆိုင်ရာ ၀န်ထမ်းများအား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ဆက်လက်ပြီး သင်တန်းသူ အမှတ် (၁၀) အခြေခံပညာမူလတန်းကျောင်းမှ မူလတန်းပြဆရာမ ဒေါ်သန္တာဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို ဧပြီလ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများ၊ဌာနဆိုင်ရာများမှ ၀န်ထမ်းများ၊ စုစုပေါင်း (၃၄)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ချမ်းမြေ့