ရေဇွာမြို့ရှိ မဲရုံ (၃) ရုံတွင် သတင်းသမားများနှင့် မဲဆွယ်စည်းရုံးသူများအတွက် သတ်မှတ်နယ်မြေများ စိုက်ထူ

ရေဇွာ နိုဝင်ဘာ ၆

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ရေဇွာမြို့တွင် မဲရုံ(၃)ရုံ ဖွင့်လှစ်ဆောင်ရွက်ထားပြီး အဆိုပါမဲရုံ (၃) ရုံ၌ ယနေ့နံနက်ပိုင်းက စတင်ပြီး သတင်းမီဒီယာများ၊ မဲဆွယ်စည်းရုံးသူများအတွက် ကန့်သတ် နယ်မြေများ သိသာထင်ရှားစေရန် ပေကြိုးများတိုင်းတာပြီး သတ်မှတ်နယ်မြေများ စိုက်ထူခဲ့ကြကြောင်း သိရသည်။

မီဒီယာသမားများ၊ မဲဆွယ်စည်းရုံးသူများ လိုက်နာရမည့် တားမြစ်ချက်များ သိသာထင်ရှားစေရန် ဆောင်ရွက်ခြင်းနှင့် မဲဆန္ဒရှင်ပြည်သူများ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် အညီ မဲပေးနိုင်ရေး၊ မဲရုံအဝင်၊ အထွက်များ သိသာထင်ရှားအောင် စာတန်းများ ကပ်ထားခြင်းများကို အထွေထွေရွေးကောက်ပွဲကော်မရှင်များ၊ မဲရုံမှူးများ၊ ဒုမဲရုံမှူးများက စနစ်တကျ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဟုန်းအွမ်(ပြန်/ဆက်)