တီးတိန် နိုဝင်ဘာ ၆
ချင်းပြည်နယ်၊ တီးတိန်မြို့၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မဲရုံများ ကြိုတင်ပြင်ဆင်မှု များကို ချင်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဦးအွန်းခန့်ကပ်နှင့် မြို့နယ်အဆင့် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူတို့က ယနေ့နံနက် ၈ နာရီတွင် ကြည့်ရှု စစ်ဆေးသည်။
ထိုသို့စစ်ဆေးရာတွင် လေးလုမ်းရပ်ကွက်၊ အမှတ် (၆) မူလွန်ကျောင်းတွင် ပြင်ဆင်ထားသည့် အမှတ် -၁ မဲရုံ၊ လွယ်ဘွာလ်းရပ်ကွက်၊ အ.ထ.က -၂ တွင် ပြင်ဆင်ထားသည့် အမှတ် -၁ မဲရုံတို့ကို ကြည့်ရှု စစ်ဆေးသည်။
ဆက်လက်၍ လိုင်လိုးကျေးရွာ၊ အ.လ.က ကျောင်းတွင်ပြင်ဆင်ထားရှိသည့် အမှတ်- ၁ မဲရုံကို သွားရောက် စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
ပေါင်ကျင့်မုန်(ပြန်/ဆက်)